RB News ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့ သတင်းကြောင့် တပ်မတော် စစ်ကြောင်းမှ စစ်ဆေးမှု ပြုလုပ်

ရခိုင်ပြည်နယ်မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွမှာ နေထိုင်တဲ့ အဘရှာဟာတူလ္လာရဲ့သားကော်ရီမူလ္လာကိုနယ်မြေခံတပ်က ဖမ်းဆီးပြီး နှိပ်ဆက်ကာငွေကျပ် ဆယ်သိန်းတောင်ခံတယ်လို့ RB News ဝက်ဘ်ဆိုက် ဇန်နဝါရီ ၁၀ ရက်က ရေးသားဖော်ပြခဲ့ပါတယ်။

16010139_1052329058227441_13880264_o

အဲဒီလိုဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေ တပ်မတော်မှ တာဝန်ရှိ သူတွေတနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်း အဖွဲ့ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီမှာ ကျားခေါင်းတောင်ကျေးရွာမှ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ ရွာသားတွေရှေ့မှောက်မှာ ကော်ရီမူလ္လာကိုစစ်ဆေးမေးမြန်းခဲ့တာပါ။

RB News ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့သတင်းဟာ မဟုတ်မှန်ကြောင်း ညှင်းပမ်းနှိပ်ဆက်ခံရတာငွေကြေးပေးရလည်း လုံးဝမရှိဘူးလို့တာဝန်ရှိသူတွေနဲ့ ဒေသခံ တွေ ရှေ့မှောက်မှာ ဝန်ခံကတိလက်မှတ်ရေးထိုး ထွက်ဆို သွားခဲ့ပါတယ်။

adv_banner