ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္စလီမြရှိန်ကို အဂတိလိုက်စားမှုနဲ့ အရေးယူပြီ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္စလီမြရှိန်ကို အဂတိလိုက်စားမှုနဲ့ အရေးယူပေးဖို့တိုင်ကြားမှုတွေကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အဂတိုလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရပုဒ်မ၂၁(ဂ)(၃)နဲ့အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။

15978755_1051420238318323_894789031_n

တရားသူကြီးဒေါ်အဉ္စလီမြရှိန်ဟာ ယစ်မျိုးဥပဒေအရ တရားစွဲခံထားရတဲ့သူတွေထဲက ငွေမပေးသူတွေကို ထောင်ဒဏ်တွေချမှတ်ပြီး
ငွေပေးသူတွေကိုတော့ ငွေဒဏ်ပဲချမှတ်ခဲ့တာပါ။

ဒါ့အပြင် ပွင့်ဖြူမြို့နယ်တရားရုံးရဲ့ ရာဇသတ်ကြီးမှုအမှတ်(၂၁၉/၂၀၁၆)ယစ်မျိုး ဥပဒေပုဒ်မ၃၀(က)အမှုမှာအမှုပြီးပြတ်စေဖို့အတွက် အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အထက်တန်းရှေနေ့မှတစ်ဆင့် ငွေကျပ်ငါးသိန်းတောင်းခံခဲ့တာကြောင့် အခုလိုအဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရပုဒ်မ
၅၆ နဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေစဉ်မှာ ဒေါ်အဉ္စလီမြရှိန် ထွက်ပြေးတိမ်းရှောင်နေပြီ ဖြစ်ပါတယ်။

အဲဒီအတွက် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှာ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရအရေးယူဆောင်ရွက်လျက်ရှိနေပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner