တနင်္သာရီမြို့နယ်အတွင်း မိုးရွာသွန်းမှု များပြား

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း မိုးရွာသွန်းမှုများပြားခဲ့ပါတယ်။ အဲဒီလိုမိုးများလာတာကြောင့် ဒီကနေ့မနက် ၉ နာရီမှာ တောင်ကျချောင်းရေမြင့်တက်လာပြီး ချောင်းလမု ကျေးရွာအတွင်းသို့ ၃ ပေခန့် ၀င်ရောက်ခဲ့တာပါ။

15991535_1051438094983204_1399055473_o

ချောင်းရေလျံမှုတွေကြောင့် လူနေအိမ်တွေ၊ တိရစ္ဆာန်တွေကို နယ်မြေခံလုံခြုံရေးဆောင်ရွက်နေကြတဲ့ တပ်မတော်စစ်ကြောင်းတွေက ကူညီပြောင်းရွှေ့ပေးခဲ့ကြပါတယ်။

ရေတွေဝင်ရောက်ခဲ့တဲ့ အတွက် အိမ်ခြေ ၃၂၀ လုံးရှိတဲ့ အနက် ချောက်ကမ်းပါးအနီးမှာရှိတဲ့ နေအိမ် ၅၇ လုံးအတွင်း ရေ၀င်ရောက်ခဲ့ပြီး အဲဒီနေအိမ်တွေက လူဦးရေ ၃၃၃ ဦးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရေဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေး ခဲ့ပြီးရေကြီးမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေမရှိခဲ့ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner