?bph6

Place your ads here!

အမြန်လမ်းမကြီးပေါ် ယာဉ်မောင်းအိပ်ငိုက်လို့ ယာဉ်တိုက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပျော်ဘွယ်မြို့နယ်၊ ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၂၄၇/၇ အနီးမှာ ဒီကနေ့ ဇန်နဝါရလ ၁၁ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်က ယာဉ်မောင်း အိပ်ငိုက်မှု ကြောင့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

image-0-02-06-86d5f0d638e1a6382bb0c5b2f131a96d2d80de48c9ef951fc09925d8cabbb74f-v

ယာဉ်မောင်း ဦးဝိုင်းဗိုလ် (၅၀ နှစ်)မောင်းနှင်လာတဲ့ ရန်ကုန်ဘက်ကနေ မန္တလေးကိုလာတဲ့ မော်တော်ယာဉ်ဟာ မိုင်တိုင်၂၄၇/၇ အရောက်မှာ ယာဉ်မောင်းအိပ်ငိုက်ခဲံတာကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာထားတဲ့ ကပ်တုံးတွေကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

image-0-02-06-a5c8bb63241374b383c3e29bccbe5b1ed9e2f9380cadb617b3ee48480441da2c-v

နယ်မြေရဲစခန်းက ယာဉ်တိုက်မှုသတင်းရရှိတဲ့အတွက် သွားရောက်စစ်ဆေးခဲ့ရာမှာ ယာဉ်ပေါ်က အမျိုးသား နှစ်ဦးထဲက
ယာဉ်မောင်း ဦးဝင်းဗိုလ်ရဲ့ ညာဘက်လက်ဖျံနာကျင်၊ ခါးနာကျင်၊ ညာဖနောင့်ပေါက်ပြဲ ဒဏ်ရာတွေ ရရှိထားတာ တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ယာဉ်လည်း ရှေ့ပိုင်း လေကာမှန်ကွဲ၊ ဘန်ဘာကျိုးပဲ့၊ ဘေနတ်ဖုံးပိန်ချိုင့်ပြီး ရှေ့ဦးခေါင်းပိုင်း ပိန်ချိုင့်ခဲ့တာကြောင့် ကာလတန်ဖိုး ၁၅ သိန်းဖိုး ပျက်စီးခဲ့ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပေပင်လေးအမြန်လမ်းမကြီး ရဲစခန်းပိုင်က ယာဉ်မောင်းကို ယာဉ်(ပ)၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ဖြိုးကိုလင်း (ညောင်ဝိုင်း)

adv_banner