ကျောက်ကြီးမှာ စိတ်ကြွဆေးပြား ၅၆၀၀၀ ကျော်နဲ့ ဆေးခြောက် ၆၅ ကျပ်သား ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှာ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက စိတ်ကြွဆေးပြား ၅၆၀၀၀ ကျော်၊ ဆေးခြောက် ၆၅ ကျပ်သားနဲ့ လေသေနတ် ၁ လက်တို့ ဖမ်းဆီးရမိခဲ့ပါတယ်။

drug

မူးယစ်ဆေးဝါးတွေနဲ့ လေသေနတ်ကို မုန်းဒေသက ဆင်ဆိတ်ပ်ကျေးရွာမှာ နေထိုင်တဲ့ လင်မယားနှစ်ယောက်ရဲ့ နေအိမ်နောက်ဖေး စပါးကျီအတွင်းမှာ တွေ့ရှိခဲ့တာပါ။

drug4

မုန်းနယ်မြေရဲစခန်းမှူး ရအုပ် သန်းထိုက်ထွေးက အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး “အပြားရေ ၅၆၆၅၀ မိတယ်၊ ဆေးခြောက်ကတော့ တစ်ဂရမ်၊ လက်နက်ကတော့ လေသေနတ်တစ်လက်ပေါ့။ ငွေက နှစ်သိန်း၊ ကျောက်ကြီးမြို့နယ်ဝရမ်း အမှတ်က ၂ ပေါ့၊ လက်ရှိကတော့ ကျွန်တော်တို့ကတော့ ဖမ်းဆီးပြီးတော့
ကျောက်ကြီးမှာရီမန်သွားယူမယ်လေ။ ပုဒ်မကတော့ ၁၅/၁၉(က)/၂၀(က)၂၂ (ခ)ပေါ့။ ပုဒ်မလေးခုနဲ့တော့ အရေးယူထားတယ်။ တရားခံကနှစ်ယောက်ပေါ့။ တစ်ယောက်ကတော့ ကွင်းဆက်တရားခံကတော့ မမိသေးဘူး”လို့ ပြောကြားခဲ့ပါတယ်။

drug7

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ကြီးမြို့နယ်၊ မုန်းနယ်မြေရဲစခန်းအပိုင်၊ တောပုကျေးရွာအုပ်စု ဆင်ဆိပ်ကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းချနေတယ်လို့ သတင်းရရှိတာကြောင့် ဆင်ဆိပ်ရွာနေ ကိုဇော်ဝင်းထွန်း၊ မစန်းရီတို့ရဲ့ နေအိမ်ကို ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ဖမ်းဆီးခွင့် ဝရမ်းနဲ့ သွားရောက်စစ်ဆေးရာမှာ စပါးကျီအတွင်းရှိ စပါးအိတ်များအတွင်း အဖြူရောင်ဆာလာအိတ်ဖြင့်ထည့်ထားသော (SINGLE STAGE) စာတမ်းပါအပြာရောင်ကတ်ထူပုံးအတွင်းမှ ဆေးခြောက်အရွက်ခြောက် ၆၅ ကျပ်သား၊ ၁ ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုးကျပ် ၄၀၀၀၀၀၊ အ၀ါရောင်ဆာလာအိတ်အတွင်း ထည့်
ထားသည့် ဖင်ဖောက်ထားသော ဆီ ၁၀ ပိသာဆန့် အ၀ါရောင်ကော်ပုံးအတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့်
အစိမ်းရောင် ၂၀ ပြားပါ ပါကင်ထုတ် ၃ ထုပ်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနဲ့ အစိမ်းရောင် ၂၀ ပြားပါ ပါကင်ထုတ် ၅ ထုပ်ပါ ဘလောက်တုံး ၅ တုံး၊ တို့မှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀၀၀ ပြားနဲ့ အစိမ်းရောင်၅၆၀ ပြား၊စုစုပေါင်း ၅၆၅၆၀ ပြား၊အလေးချိန် ၅၀၉၀.၄ ဂရမ်၊ကာလ
တန်ဖိုးတစ်ပြားလျှင်ကျပ် ၃၀၀၀ နှုန်းဖြင့် (၁၆၉၆၈၀၀၀၀) တို့ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒုရဲအုပ် မျိုးမင်းသန့်က တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာကြောင့် မုန်းနယ်မြေရဲစခန်းမှာ မစန်းရီကို မှူး/စိတ် ဥပဒေပုဒ်မ -၁၅/၁၉(က)/၂၀(က)၂၂(ခ)တို့အရ အမှုဖွင့်အရေးယူထားပြီး တိမ်းရှောင်နေသူ ဇော်ဝင်းထွန်းကို ဖမ်းမိဖို့လည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

adv_banner