ပဲခူးမှာ ကျပ် ၇၆ သိန်းဖိုး တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ဖုန်းသုံးလုံး ခိုးယူမှု ဖြစ်ပွား

ငွေကျပ် ၇၆ သိန်း တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း ၁၉ မျိုးနဲ့ ဖုန်းသုံးလုံး ခိုးယူမှု ဇန်နဝါရီလ ၉ ရက်နေ့က ပဲခူးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ပြည်တော်သာ ၃ လမ်း၊ အမှတ် ၄၈၂ မှာ နေထိုင်တဲ့ အလယ်တန်းပြ အငြိမ်းစား ကျောင်းဆရာမ ဒေါ်ထားထားမြတ် ၅၂ နှစ်နဲ့ အစ်မဖြစ်သူ ဒေါ်နှင်းနှင်း ၅၆ နှစ်တို့နှစ်ဦးဟာ တူမဖြစ်သူ အထက်တန်းပြဆရာမ ဒေါ်စုမြတ်ခိုင်ဝင်းကို အိမ်စောင့်အဖြစ်ထားခဲ့ပြီး ဗုဒ္ဓဂယာကို ဘုရားဖူးခရီးအဖြစ် ဒီဇင်ဘာ ၃၁ ရက်နေ့က သွားခဲ့တာပါ။

bago

ဒါပေမဲ့ ရွှေထည်တွေ သိမ်းဆည်းထားတဲ့နေရာကိုတော့ တူမဖြစ်သူကို အသိပေးခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာတော့ မစုမြတ်ခိုင်ဝင်းက နေအိမ်တံခါးကို သော့ပိတ်ပြီး အ.ထ.က(၈) ကျောင်းကို ထွက်သွားပြီး မွန်းလွဲ ၂ နာရီက ပြန်လာချိန်မှာ လှေကားအနီး လူအဝင်အထွက်တံခါးပွင့်နေတာကြောင့် အပေါ်ထပ်ကို တက်ကြည့်ရာမှာ ဗီရိုသေတ္တာနဲ့ ဧည့်ခန်းဗီရိုအတွင်းက အဝတ်အစားတွေ မွှေနှောက်ခံထားရတာကို တွေ့ရှိရတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ မစုမြတ်ဝင်းက ဇန်နဝါရီ ၄ ရက်နေ့မှာ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့ ည ၇ နာရီခွဲမှာ ဒေါ်ထားထားမြတ်တို့ ပြန်ရောက်ချိန်မှာ ရွှေထည်ပစ္စည်းတွေ သိမ်းထားတဲ့အခန်းမှာ လက်ကောက်၊ ရွှေဆွဲကြိုး၊ ဆွဲပြားနဲ့ အခြားရတနာပစ္စည်းတွေလည်းပျောက်ဆုံးနေတာ တွေ့ရှိခဲ့ကြပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒေါ်ထားထားမြတ်က ဇန်နဝါရီ ၉ ရက်နေ့မှာ ပဲခူးမြို့မ အမှတ် ၁ ရဲစခန်းမှာအမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်စစ်ဆေးနေပြီး ခိုးယူသွားသူ ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner