?bph6

Place your ads here!

မောတောင်မှာ အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာလို့ တောင်ကျရေစီးပြီး လူနေအိမ်တွေ ပျက်စီး

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြန်မာ-ထိုင်း နယ်စပ်ဒေသ မောတောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့က အချိန်အခါမဟုတ် ဆက်တိုက်မိုးရွာသွန်းခဲ့တဲ့အတွက် တောင်ကျရေတွေ စီးဆင်းခဲ့ပြီး လူနေအိမ်လေးလုံး ပျက်စီးခဲ့သလို အိမ်ထောင်စု ၁၁ စု ရေဘေးသင်ခဲ့တယ်လို့ မောတောင်ဒေသခံတွေက ပြောပါတယ်။

7

မောတောင်ဒေသဟာ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်တုန်းက မောတောင်ဒေသနဲ့ အမှတ် ၉ ရပ်ကွက်အထိ တောင်ကျရေတွေ စီးဆင်းပြီး လူနေအိမ်နဲ့လမ်းတံတားတချို့ ပျက်စီးခဲ့တာလို့ တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်က ပြောကြားခဲ့တာပါ။

1

အဲဒီလို အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အမှတ် ၉ ရပ်ကွက်က လူနေအိမ်လေးလုံးပျက်စီးခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စု ၁၁ စုကိုလည်း အမှတ် ၈ ရပ်ကွက်က ဘုန်းတော်ကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပေးထားတယ်လို့ ဦးထွန်းမင်းနိုင်က ဆိုပါတယ်။

15873499_1011421408964584_7489251118178147299_n

“တောင်ကျရေက ကနဦးမှာက (၈) ပေအထိ မြှင့်တက်ခဲ့တယ်၊ လက်ရှိကတော့ (၅) ပေလောက် ပြန်ကျသွားပါပြီး၊ လမ်း၊ တံတားတွေ ပျက်စီးနေတာတွေကိုတော့ အခု ပြန် ပြင်ဆင်နေပါတယ်၊ လောလောဆယ်တော့ လမ်းပန်းဆက်သွယ်ရေးက ခရီးသည်ကားတွေ ဖြန့်သန်း သွားလာလို့ မရသေးဘူး၊ အမြန်ဆုံး ခရီးသည်ကားတွေကို သွားလာနိုင်အောင် ပြုပြင်နေပါတယ်”လို့ ဦးထွန်းမင်းနိုင်က ပြောပါတယ်။

3

မောတောင်ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဝေယံကျော်ကတော့ “မိုးကတော့ ဇန်န၀ါရီလ (၆) ရက်နေ့ကနေပြီး (၁၀) ရက်နေ့ အထိ အချိန်အခါအဟုတ် မိုးရွာနေတာဖြစ်ပါတယ်၊ မောတေင်ဒေသမှာ ယခုလိုမျိုး မိုးကြီးတာ တစ်ခါမှ မရှိသေးဘူး၊ အခုတစ်ခါက မိုးဆက်တိုက် ရွာသွန်းတာကြောင့် မောင်တောင်မြို့ပေါ်တွင် ရေကျော်ပြီး၊ တောင်ကျရေနဲ့ အတူ အမှတ် (၉) ရပ်ကွက်အထိ ရေစီကြောင့် လမ်း၊ တံတားနှင့် လူနေအိမ်တွေ ပျက်စီးသွားတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဇော်ဇော်(မြိတ်)
ဓာတ်ပုံ – မောတောင်ဒေသခံများ

adv_banner