FORTUNE PLAZA တည်ဆောက်ပြီးစီးသွားပါက အနည်းဆုံး အလုပ်အကိုင် နေရာ တစ်ထောင်ကျော် ထွက်ပေါ်လာမယ်

FORTUNE PLAZA တည်ဆောက်ပြီးစီးသွားပါက အနည်းဆုံးအလုပ်အကိုင်နေရာ တစ်ထောင်ကျော် ရရှိသွားမယ်လို့ FORTUNEPLAZA မှ CEO က ပြောကြားလိုက်ပါတယ်။

15970634_1050708108389536_1654508593_n

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မင်းနန္ဒာလမ်းနဲ့ သူမနလမ်းထောင့်မှာ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီနဲ့ အကျိုးတူ ရွှေရပ်ဝန်းဆောက်လုပ်ရေးကုမ္ပဏီတို့ FORTUNE PLAZA ကြီးကိုတည်ဆောက်နေကြတာပါ။ အဲဒီဆောက်လုပ်ရေး လုပ်ငန်းကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကုန်ပိုင်းက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါတယ်။

အဲဒီပလာဇာကို လာမယ့်၂၀၁၇-ခုနှစ် ဧပြီလထဲမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး လူနေအခန်းပေါင်း ၁၃၂ ခန်းပါဝင်မှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ၆၅ ခန်းတည်ဆောက်ပြီးစီးနေပြီဖြစ်ပါတယ်။ လုပ်ငန်းအားလုံးကို၂၀၁၈-ခုနှစ်မှာ အားလုံးပြီးစီးအောင် ရွက်သွားမှာဖြစ်တယ်လို့ FORTUNE PLAZA ရဲ့ CEOက ပြောပါတယ်။

adv_banner