ရွှေဈေးကွက် မတည်ငြိမ်အောင် ကောလာဟတ ထုတ်လွှင့်နေတယ်လို့ ရွှေလုပ်ငန်းရှင် အသင်း ပြော

မြန်မာရွှေဈေးကွက် တည်ငြိမ်မှုမရှိအောင် ကောလာဟလသတင်းတွေ ထုတ်လွှင့်နေတယ်လို့ ရွှေလုပ်ငန်းရှင် အသင်းကပြော ကြားလိုက်ပါတယ်။

15978218_1050658491727831_345815749_n

ဇန်နဝါရီလ ၉ ရက်နေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနာယက ဦးဘသန်း၊ ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ အတွင်းရေးမှူးဦးဝင်းမြင့်တို့ ပါဝင်တဲ့ အမှုဆောင်အစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

အဲဒီအစည်းအဝေးမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ပုံမှန်မဟုတ်တဲ့ ရွှေဝယ်လို အားတွေဖြစ်ပေါ်နေတယ်ဆိုပြီး လုပ်ကြံဖန်တီးပြောဆိုနေကြကာ လူမှုကွန်ရက် စာာမျက်နှာတွေပေါ်မှာ ရွှေဝယ်လိုအားပမာဏတွေ ဖော်ပြနေတာကြောင့် ရွေလုပ်ငန်းလုပ်ကိုင်နေသူတွေ သံသယဖြစ်နေကြတာဖြစ်ပါတယ်။

adv_banner
adv_banner