စီးပွားရေးတည်ငြိမ်မှုရှိဖို့ ဆောင်ရွက်ရာမှာ အစိုးရအဖွဲ့အတွက် စိန်ခေါ်မှု ရှိနေတယ်လို့ သမ္မတ ပြောကြား

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတိုင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ကြိုးပမ်းဆောင် ရွက်ရာမှာပြည်ထောင်စုအစိုးရအဖွဲ့အတွက် စိန်ခေါ်မှုတွေရှိနေတယ်လို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

u-thin-kyaw

ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော်နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင်(၁/၂၀၁၇)အစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

15943247_1050637095063304_432102993_o

အဲဒီစိန်ခေါ်မှုတွေဟာ နိုင်ငံတော်ရဲ့ အဓိကရငွေတစ်ခုဖြစ်တဲ့ သဘာဓာတ်ငွေ့ တင်ပို့မှုမှရရှိတဲ့ ငွေဟာ ကမ္ဘာ့သဘာဝဓာတ်ငွေ့ဈေးနှုန်းအခြေအနေ ကျဆင်းနေတာ၊ သစ်ထုတ်လုပ်တင်ပို့မှုလျော့ချထားတဲ့အတွက် ကျဆင်းနေပြီး သထ္ထုကဏ္ဍ လုပ်ကွက်တွေကိုလည်း ပြန်စိစစ်ခွင့်ပြုဖို့စီစဉ်နေပြီး လျှပ်စစ်ကဏ္ဍထုတ်လုပ်မှုမှာ ပြည်သူတွေသက်သာအောင် အရှုံးခံထုတ်လုပ်နေရတာတွေအပြင် အခြားစိန်ခေါ်မှုတွေလည်း ရှိနေပြီး ပြည်တွင်းငွေကြေးဈေးကွက်တည်ငြိမ်မှုရှိအောင်လည်း ဂရုစိုက်ဆောင်ရွက်ဖို့ လိုတယ်လို့ပြောကြားခဲ့ပါတယ်။

adv_banner
adv_banner