ပဲခူးမှာ လူ့အခွင့်အရေး ပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ပဲခူး)နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)တို့ ပူးပေါင်းစီစဉ်တဲ့ အခြေခံ လူ့အခွင့်အရေး ပညာပေးဟောပြောပွဲဆွေးနွေးပွဲ အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့မှာ ကျင်းပခဲ့ပါတယ်။

pkl

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရပညာခန်းမမှာ ဒီကနေ့ နံနက် ၉ နာရီလောက်က ကျင်းပခဲ့တာပါ။

pkl2

အခမ်းအနားမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်နဲ့ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့က အမှာစကား တက်ရောက်ပြောကြားခဲ့ကြပါတယ်။ အဲဒီနောက်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ကျောင်းသားကျောင်းသူတွေဲ့ ပြည်သူတွေ သိရှိနိုင်ဖို့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်(၁)ကနေ အပိုဒ်(၃၀)အထိ အကြောင်းအရာတွေကို ရှင်းလင်းဖတ်ပြခဲ့ပါတယ်။

pkl5

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ အခြေခံလူ့အခွင့်အရးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဟောပြောဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး ပရိုဂရမ်မှ ကြီးကြပ်ရေးမှူး ဦးကျော်စွာလင်းနဲ့ လူ့အခွင့်အရေးနည်းပြ ဦးကျော်ကျော်ဦးတို့က လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ၊ လူအများရဲ့ ထူးခြားတဲ့ လက္ခဏာဆိုင်ရာ အချက်အလက်တွေကို အပြန်အလှန်ဆွေးနွေးဟောပြောခဲ့ကြပါတယ်။

adv_banner