မင်္ဂလာဈေး အမြန်ဆုံးပြန်ဆောက်ပေးဖို့ ဈေးသူဈေးသားတွေ ဆန္ဒထုတ်ဖော်

ရန်ကုန်မြို့ မင်္ဂလာဈေးမီးလောင်တာ တစ်နှစ်ပြည့်ပေမဲ့ ခုချိန်ထိ ပြန်လည်တည်ဆောက်မပေးတဲ့အတွက် မင်္ဂလာဈေး ဈေးသူ၊ ဈေးသားတွေက ဒီကနေ့ ဇန်နဝါရီ ၉ ရက်နေ့ မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

2

အဲဒီ ဆန္ဒပြပွဲကို ဒီကနေ့ နံနက် ၉ နာရီလောက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူအင်အား ၄၀၀ လောက် ပါဝင်ခဲ့ကြတာပါ။
မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ဒုတိယအကြိမ် မီးလောင်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

အဲဒီမတိုင်ခင်ကတော့ ၂၀၁၀ ပြည့်နှစ် မတ်လမှာ ပထမဆုံးအကြိမ် မီးလောင်ခဲ့ဖူးပါသေးတယ်။

ဒီကနေ့ နံနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်သူတွေဟာ လက်ရှိအချိန်မှာ ဆိုင်ခန်းငှားရမ်းတွေ အဆမတန်မြင့်တက်နေတာကြောင့် မင်္ဂလာဈေးကြီးကို အမြန်ဆုံး ပြန်တည်ဆောက်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

adv_banner
adv_banner