?bph6

Place your ads here!

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပြန်လည် ကျင်းပမယ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန် အစည်းအဝေးကို ၂၀၁၇-ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပြန်လည်ကျင်းပတော့မှာ
ဖြစ်ပါတယ်။

15966209_1076114182516447_729905718636314597_n

အစည်းဝေးကျင်းပနိုင်ဖို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့အလွှတ်တော်က ကြေညာချက်အမှတ် ၁/၂၀၁၇ နဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တာပါ။ အစည်းဝေးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နဲ့ ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့အရ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်စတုထ္ထ ပုံမှန်အစည်းအဝေးကို နေပြည်တော်မှာ ၁၃၇၈ ခုနှစ် တပို့တွဲလဆန်း ၃ ရက် (၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်) တနင်္လာနေ့ မနက် ၁၀ နာရီမှ စတင်ကျင်းပမှာဖြစ်ပါတယ်။

adv_banner