?bph6

Place your ads here!

မလေးရှားမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တိုက်ခိုက်ခံရပြီး ငါးဦး သေဆုံး

မလေးရှားနိုင်ငံ၊ ဆရီ ဆာဒန်းမြို့မှာ ဇန်နဝါရီ ၅ ရက်နေ့ညက ဓားလက်နက်တွေ ကိုင်ဆောင်ထားတဲ့ လူတစ်စုက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့တဲ့အတွက် မြန်မာ ငါးယောက် သေဆုံးခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

myanmar-malaysia

အဲဒီ ဖြစ်ရပ်ဟာ ဇန်နဝါရီ ၅ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာဆာဒန်းမြို့က စက်မှုဇုန်နယ်မြေတစ်ခုမှာ ဓားလက်နက်တွေပါတဲ့ လူအုပ်စုတစ်စုက တိုက်ခိုက်ခဲ့တာလို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။

myanmar-malaysia2
(ဓာတ်ပုံ – ဆန်းဝင်း)

အုပ်စုဖွဲ့ တိုက်ခိုက်ခံရတဲ့ မြန်မာလုပ်သားတွေထဲက ၇ ဦးကိုလည်း ရဲတပ်ဖွဲ့ လက်ရှိမှာ ထိန်းသိမ်းထားပြီး အခုဖြစ်ရပ်အတွက် စုံစမ်းမေးမြန်းမှုတွေ လုပ်နေတယ်လို့ ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

adv_banner