နိုင်ငံတော်အတိုင်ပင်ခံ နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ သံအမတ်ကြီး (ငြိမ်း) အဖွဲ့အား လက်ခံတွေ့ဆုံ

0
195

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌသံအမတ်ကြီး (ငြိမ်း) ဦးညွန့်မောင်ရှိန် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၆ ရက်(ဒီကနေ့)မနက် ၁၀း၀၀ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ ဧရာဝတီခန်းမမှာလက်ခံတွေ့ဆုံခဲ့ပါတယ်။

15871639_1074006759393856_2458769188512631840_n

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ သံအမတ်ကြီး (ငြိမ်း) ဦးညွန့်မောင်ရှိန် မှ အဖွဲရဲ့ လုပ်ငန်းစဉ်တွေ ၊ အဖွဲ့အနေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတကာနဲ့ဒေသဆိုင်ရာ သုတေသနလုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြခဲ့တာပါ။

15823123_1074006742727191_3316965675958397245_n

အဲဒီနောက် သံအမတ်ကြီး(ငြိမ်း) ဦးညွန့်မောင်ရှိန် နဲ့ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအေးလွင် တို့မှ ကိုယ်ပိုင်စုဆောင်းထားတဲ့ မြန်မာ့နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ မှတ်တမ်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။