၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ပြိုင်မယ်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

An European Union personnel serving as an election overseer in Myanmar's upcoming general elections demonstrates how to fill up a ballot paper in Yangon, Myanmar October 30, 2015. REUTERS/Soe Zeya Tun

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ ရှိနေတာပါ။

အဲဒီလစ်လပ်မဲဆန္ဒနယ်တွေဟာ ပြည်သူ့လွှတ်တော်အတွက် ၉ နေရာ၊ အမျိုးသားလွှတ်တော်အတွက် အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်အတွက် ၇ နေရာတွေ ဖြစ်ကြပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီပေါင်း ၂၄ ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ ဦးမှာ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၁၈ ဦးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၁၉ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်သလို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦးလည်း ပါဝင် ယှဉ်ပြိုင်ကြမှာပါ။

လွှတ်တော်အလိုက်ဆိုရင်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅ ဦးနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။

adv_banner
adv_banner