HIV ပိုး ကူးစက်ခံရသူ နှစ်စဉ် ခန့်မှန်းခြေ ၁ သောင်းလောက် ရှိနေ

မြန်မာနိုင်ငံမှာ HIV ပိုး ကူးစက်ခံနေရသူ အရေအတွက် ခန့်မှန်းခြေ ၁ သောင်းလောက် နှစ်စဉ် တိုးပွားနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

hiv

လက်ရှိမှာတော့ နိုင်ငံတစ်ဝန်းလုံးမှာ HIV ပိုး ကူးစက်ခံထားရသူ ၂ သိန်းနီးပါးရှိပြီး အဲဒီထဲက ၂၃ ရာခိုင်နှုန်းဟာ မူးယစ်ဆေးဝါး သုံးစွဲသူတွေဖြစ်ပြီး ၇ ရာခိုင်နှုန်းက လိင်တူပေါင်းဖက်သူတွေ ဖြစ်ကြပါတယ်။

HIV ပိုး အဓိက ကူးစက်နေတာကတော့ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးနေသူတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ လိင်တူပေါင်းဖက်သူတွေ ဖြစ်ကြပါတယ်။ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ HIV ပိုး ကူးစက်မှု ကာကွယ်ရေးအစီအစဉ်အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ဆေးရုံ ၃၅ ခုကျော်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ HIV ပိုး ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်တဲ့ ကော့သောင်း၊ တာချီလိတ်နဲ့ နမ့်ခမ်းလို နယ်စပ်မြို့တွေက ဆေးရုံတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner