?bph6

Place your ads here!

အခုဘဏ္ဍာနှစ်အတွင်း ကုန်စည်စီးဆင်းမှု တန်ဖိုး မနှစ်ကထက် ကန် ဒေါ်လာ သန်း ၁၄၀ ပိုများလာ

အခုဘဏ္ဍာရေးနှစ် ပထမ ကိုးလအတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေတစ်ဆင့် ကုန်စည်စီးဆင်းမှု တန်ဖိုးဟာ မနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် တိုးလာတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

china-myanmar

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ရဲ့ ပထမကိုးလအတွင်း ကုန်စီးဆင်းမှုတန်ဖိုးဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၈ ဘီလျံကျော်ရှိပြီး အခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ရဲ့ ပထမကိုးလအတွင်းမှာတော့ ၄.၉ ဘီလျံကျော် အထိ ရှိလာတာပါ။

မြန်မာနိုင်ငံဟာ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို နယ်စပ်ကုန်သွယ်ရေးဂိတ် ၁၅ ခုကနေ တစ်ဆင့် ကုန်သွယ်နေတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို အာဆီယံစံနှုန်းမီအောင် အဆင့်မြှင့်တင်မှုတွေ လုပ်ဖို့ရှိနေသလို ကုန်သွယ်မှုမြင့်တက်လာဖို့ နောက်ထပ် ကုန်သွယ်ရေးဂိတ်အသစ်တွေ ဆောက်သွားဖို့လည်း ရှိနေပါတယ်။

adv_banner