မြန်မာနိုင်ငံမှာ ၂၀၁၇ အတွင်း စမတ်ဖုန်းရောင်းအား ၉ ရာခိုင်နှုန်း မြင့်တက်လာဖို့ရှိ

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၇ ခုနှစ်အတွင်း စမတ်ဖုန်းဝယ်လိုအား ၉ ရာခိုင်နှုန်း မြင့်တက်လာဖို့ရှိတယ်လို့ ဈေးကွက်သုတေသနကုမ္ပဏီ IDC က ပြောကြားလိုက်ပါတယ်။

yangon

အာရှ ပစိဖိတ်ဒေသအတွင်း ၂၀၁၆ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ တတိယသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံကို စမတ်ဖုန်း ၂.၅ သန်း ရောင်းရခဲ့တယ်လို့လည်း ဈေးကွက်သုတေသနကုမ္ပဏီ IDC က ပြောကြားပါတယ်။

ဒီပမာဏဟာ နှစ်အလိုက်ဆိုရင် ရောင်းအား ၂၆ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် တတိယ သုံးလပတ်လကာလနောက်ပိုင်း ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။ အခုနှစ် ဒုတိယ သုံးလပတ်ကာလအတွင်းမှာတော့ အပူပိုင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်တဲ့ ကာလဖြစ်ပြီး စမတ်ဖုန်း ဝယ်လိုအား ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ IDC က ဆိုပါတယ်။

IDC က ၂၀၁၇ မြန်မာကို စမတ်ဖုန်းရောင်းအား ၉ ရာခိုင်နှုန်း မြင့်တက်လာဖို့ မျှော်လင့်ထားပေမဲ့ အာဆီယံ ဒေသတစ်ခုလုံးအနေနဲ့တော့ ၆ ရာခိုင်နှုန်းလောက်ပဲ မြင့်တက်ဖို့ ရှိတယ်လို့ တွက်ချက်ထားပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner