ဟုမ္မလင်းမှာ ကျပ်သိန်း ၁၅၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိ

0
222

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က ကျပ်သိန်း ၁၅၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

opium

အဲဒီဘိန်းဖြူတွေကို ဟုမ္မလင်းမြို့နယ်၊ ထွက်ဝကျေးရွာအုပ်စု၊ ဆန်စက်ကုန်းရွာမှာ ဖမ်းဆီးရမိခဲ့တာလို့ ထမံသီနယ်မြေရဲစခန်းက ပြောကြားခဲ့တာပါ။

ဘိန်းဖြူတွေဖမ်းမိတဲ့နေရာဟာ ဆန်စက်ကုန်းရွာမှာနေတဲ့ ကိုတင်ပေါင်ဆိုသူရဲ့ နေအိမ်ဖြစ်ပြီး ဟုမ္မလင်းမြို့နယ်၊ မူးယစ်တပ်ဖွဲ့စု(၉)က မူးယစ်ဆေးဝါးသတင်းရရှိထားတာကြောင့် ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

Lihaohua စာတမ်းပါ အညိုရောင်လက်ဆွဲအိတ်တစ်အိတ်ထဲမှာ ဘိန်းဖြုလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် အလေးချိန်(၀.၂) ဂရမ်ခန့် ထည့်ထားတဲ့ ပင်နယ်ဆလင်း (၁)ပုလင်း၊ ပလပ်စတစ်အပိုင်းအစတစ်ခုနဲ့ထည့်ထားပြီး ဘိန်းဖြုလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် အလေးချိန်(၀.၁)ဂရမ်ခန့်၊ MARBLE တံဆိပ်ပါဆေးလိပ်ဗူးခွံ(၁)ခု၊ အညိုရောင်ကော်ပုလင်းနဲ့ထည့်ထားပြီးဘိန်းဖြုဟုယူဆရတဲ့ ဖြူဝါရောင်အမှုန့်အလေးချိန်(၁၀)ဂရမ်ခန့်၊ Love is Flower စာတမ်းပါ အစိမ်းရောင်ဆပ်ပြာခွက်နဲ့ထည့်ထားပြီး ဘိန်းဖြုဟုယူဆရတဲ့ဖြူဝါရောင်အမှုန့်အလေးချိန်(၁၂)ဂရမ်ခန့်စီပါ(၅)ခွက်၊ Love is Flower စာတမ်းပါပန်းရောင်ဆပ်ပြာခွက်နဲ့ထည့်ထားပြီးဘိန်းဖြုဟုယူဆရတဲ့ဖြူဝါရောင်အမှုန့်အလေးချိန်(၁၂)ဂရမ်ခန့်စီပါ(၄)ခွက်၊ Love is Flower စာတမ်းပါ အနီရောင်ဆပ်ပြာခွက်နဲ့ ထည့်ထားပြီး ဘိန်းဖြုဟုယူဆရတဲ့ ဖြူဝါရောင်အမှုန့် အလေးချိန်(၁၂)ဂရမ်ခန့်စီပါ (၂)ခွက်၊ Love is Flowerစာတမ်းပါအပြာရောင်ဆပ်ပြာခွက်နဲ့ထည့်ထားပြီးဘိန်းဖြုဟုယူဆရတဲ့ဖြူဝါရောင်အမှုန့်အလေးချိန်(၁၂)ဂရမ်ခန့်စီပါ(၁)ခွက်၊စုစုပေါင်းအလေးချိန်(၁၅၄.၃)ဂရမ်ခန့်၊စုစုပေါင်းကာလတန်ဖိုး(၁၅၄၃၀၀၀၀)ကျပ် တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထမံသီနယ်မြေရဲစခန်းက ပြောကြားခဲ့ပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထမံသီနယ်မြေရဲစခန်းက(ပ)၂၆/၂၀၁၆၊ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့မူးယစ်ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅/၁၉(က)အရ အရေးယူထားပါတယ်။