နိုင်ငံတော်ဘတ်ဂျက်မသုံးဘဲ ရန်ကုန်မြို့တွင်းမှာ ဓာတ်တိုင် ၃၀၀၀ နဲ့ CCTV ကင်မရာတွေ တပ်ဆင်သွားမယ်

0
323

နိုင်ငံတော်ဘတ်ဂျက်တစ်ပြားမှ မသုံးဘဲ ရန်ကုန်မြို့တွင်းမှာ ဓာတ်တိုင် ၃၀၀၀ နဲ့ CCTV ကင်မရာတွေ တပ်ဆင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားလိုက်ပါတယ်။

yangon

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့တာပါ။

လာမယ့်နှစ်အတွင်း လမ်းဘေးဓာတ်တိုင် ၁ သိန်းလောက်ထဲက ၃ ထောင်လောက်ကို အရေးကြီးနေရာတွေမှာ ဆိုလာစနစ်နဲ့ မီးလင်းဖို့နဲ့ CCTV ကင်မရာတွေလည်း ပါဝင်တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်မြို့အတွင်းမျာရှိတဲ့ တန်ခိုးကြီး ဘုရားစေတီတွေနဲ့ နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ နေရာတွေမှာ လာမယ့်နှစ်ကျရင် CCTV ကင်မရာတွေ တပ်ဆင်သွားဖို့ စီစဉ်နေတာပါ။

အဲဒီလို စီစဉ်ရာမှာ နိုင်ငံတော်ဘတ်ဂျက်တစ်ပြားမှ မသုံးဘဲ အစိုးရဓာတ်မီးတိုင်တွေကနေ ဆက်သွယ်ရေးလိုင်း သွယ်ဖို့ လျှောက်ထားတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းတွေက လှူတဲ့ ဓာတ်တိုင်တွေနဲ့ ဆောင်ရွက်သွားဖို့ ဖြေကြားထားတယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။