?bph6

Place your ads here!

၂၀၁၆-၁၇ ပညာသင်နှစ်မှာ ပညာတော်သင်ဆုချီးမြှင့်ဖို့ ရွေးချယ်ခံထားရသူ ၆၅ ဦးရှိ

၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း မဟာတန်းအတွက် ၄၃ ဦး၊ ပါရဂူတန်းအတွက် ၂၂ ဦး စုစုပေါင်း ပညာတော်သင် ၆၅ ဦးကို ပညာတော်သင်ဆု ချီးမြှင့်ပြီး ပြည်ပမှာပညာသင်ကြားရေးအတွက် စေလွှတ် ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

yangonuniversity

နိုင်ငံတော်သမ္မတရဲ့ပညာတော်သင်ဆုနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ စမ်းချောင်းမဲဆန္ဒနယ်က ဦးဘိုဘိုဦးရဲ့ မေးခွန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်သမ္မတ ပညာသင်ဆုကို ၂၀၁၅-၁၆ ပညာသင်နှစ်ကတည်းက စတင်ခဲ့ပြီး အင်္ဂလန်ကို ၂၉ ဦး၊ အမေရိကန်ကို ၅ ဦး၊ သြစတြေးလျကို ၄၆ ဦး၊ ဂျာမနီကို ၂ ဦး၊ ထိုင်းကို ၂ ဦး၊ တရုတ်ကို ၃၃ ဦး စုစုပေါင်း ၁၁၇ ဦး ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ အဲဒီထဲက ၈၄ ဦးကို နိုင်ငံတော်သမ္မတရဲ့ ပညာတော်သင်ဆု အဖြစ် ပညာသင်စရိတ်ထောက်ပံ့ခဲ့ပြီး ၃၃ ဦးကိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ချီးမြှင့်တဲ့ ပညာတော်သင်ဆုအဖြစ် ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

adv_banner