နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံမှ ပြန်လည် ရောက်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံခရီးစဉ်မှ ဒီကနေ့ညနေပိုင်းမှာ ပြန်လည်ရောက်ရှိ လာပြီဖြစ်ပါတယ်။ အဲဒီခရီးစဉ်ဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရသွားရောက်ခဲ့တာပါ။

15283925_606558089544490_6114216645771383032_n

သုံးရက်ကြာခဲ့တဲ့ အဲဒီခရီးစဉ်မှာ စင်ကာပူ-မြန်မာ သက်မွေး ပညာကျောင်း ကိစ္စ၊ နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုကိစ္စ၊ နှစ်နိုင်ငံအကြား ၁၉၉၉ ခုနှစ် လက်မှတ်ရေး ထိုးခဲ့တဲ့ အခွန်နှစ်ထပ် ပေးဆောင်မှု ရှောင်ရှားရေးကိစ္စ၊ စင်ကာပူလေကြောင်းလိုင်း ပျံသန်းရေးကိစ္စ စတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်။