ကျောင်းသားသမဂ္ဂ တည်ဆောက်ဖို့ အတွက် လိုအပ်တာတွေ ပြင်ဆင်နေဟု ဒုဝန်ကြီးပြော

ယခင်ကျောင်းသားသမဂ္ဂ အဆောက်အဦ တည်ရှိခဲ့တဲ့ မူလမြေနေရာမှာ ပညာရေးဖွံ့ဖြိုးမှု လုပ်ငန်းတွေ အသုံးပြုနိုင်မယ့် ကျောင်းသားသမဂ္ဂ အဆောက်အဦတစ်ခုအဖြစ် ဆောက်လုပ်နိုင်ဖို့အတွက် လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်နေတယ်လို့ ပညာရေး ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားလိုက်ပါတယ်။

15219429_1235954433146037_8404320051549569525_n

နိုဝင်ဘာလ ၂ ရက်နေ့က(ဒီကနေ့)ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော က ပဋိညာဉ်ရေးဆွဲရေးအတွက် အချိန်မူဘောင်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ အားလုံးပါဝင်မယ့်အချိန်မှာ တည်ထောင်ပြီးစီးမှုနဲ့ သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက်အဦ ကိုပြန်လည်တည်ဆောက်ဖို့အစီစဉ် ရှိ/မရှိမေးခွန်းအပေါ်မှာ အခုလိုဖြေကြားလိုက်တာပါ။

ဒါ့အပြင် တက္ကသိုလ်အသီးသီးရဲ့ သဘောသဘာဝနဲ့ ကိုက်ညီမှုရှိတဲ့ ပဋိညာဉ် စာတမ်းတစ်ခုစီကို ရေးဆွဲနိုင်တဲ့အခွင့်အရေးရှိပြီး ဖြစ်တဲ့အတွက် တက္ကသိုလ်ပဋိညာဉ်စာတမ်းဟာ တက္ကသိုလ်အားလုံးကို လွှမ်းခြုံပြီး ရေးဆွဲလို့ မရနိုင်ဘူးလို ဝန်ကြီးကပြောပါတယ်။