အခုနှစ်အတွင်း ကလေးသူငယ်တွေအပေါ် အဓမ္မပြုကျင့်မှု ၄၀ ရာခိုင်နှုန်း မြင့်တက်လာ

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးသူတွေကို အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ်တွေဟာ ဒီနှစ်အတွင်းမှာ ၄၀ ရာခိုင်နှုန်းမြင့်တက်လာတယ်လို နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

childrape1

အခုနှစ် အောက်တိုဘာကုန်ပိုင်းအထိ ကလေးသူငယ်တွေပေါ် အဓမ္မကျင့်မှုပေါင်း ၃၈၀ မှု ရှိခဲ့ပြီါ် အဲဒီအရေအတွက်ဟာ ၂၀၁၅ ခုနှစ် နှစ်စက အောက်တိုဘာလကုန်အထိ ဖြစ်ပွားတဲ့ ကလေးသူငယ်တွေကို အဓမ္မကျင့်မှုထက် အမှုပေါင်း ၁၅၀ မှု ပိုများနေတာပါ။

ကလေးသူငယ်တွေကို အဓမ္မကျင့်သူတွေဟာ များသောအားဖြင့် မိသားစုဝင်တွေ၊ အိမ်နီးချင်းတွေ၊ ဆွေးမျိုးတွေနဲ့ မိသားစုနဲ့ရင်းနှီးသူတွေထဲက ဖြစ်နေတယ်လို့ မန္တလေးက ရဲအရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောကြားထားပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဘာထရန်ဘိန်းဗဲလ်ကတော့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့လုပ်ရပ်တွေထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ဒုတိယအများဆုံးပဲ ပြောကြားခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ ဥပဒေပိုင်းဆောင်ရွက်ရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ ခုလို အဓမ္မပြုကျင့်ခံနေရတာဖြစ်ပြီး နယ်စပ်ကနေတစ်ဆင့် အလုပ်လုပ်ဖို့ ရောင်းချခံရတာမျိုးတွေနဲ့ တပ်သားအဖြစ် စုဆောင်းခံနေရတာတွေလည်း ရှိနေတာပဲ ဖြစ်ပါတယ်။