ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ကို စစ်တွေ ဒေသခံတွေ ဆန္ဒပြ

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ဒေသခံအချို့ကလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

kofiannan3

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင် ကိုဖီအာနန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရပြီးနောက် စက်တင်ဘာလမှာ ရခိုင်ပြည်နယ်ကို ပထမအကြိမ် သွားရောက်ခဲ့ပြီး အခုရခိုင်ခရီးစဉ်ဟာ ဒုတိယမြောက် ဖြစ်ပါတယ်။

kofiannan2

ကိုဖီအာနန်နဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ ဒီကနေ့ နံနက် ၈ နာရီခွဲမှာ စစ်တွေလေဆိပ်ကို ရောက်ရှိခဲ့ပြီး ရခိုင်ပြည်သူ ရာဂဏန်းလောက်က လေဆိပ်အထွက် လမ်းတစ်လျှောက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ မြန်မာနိုင်ငံသား ခြောက်ဦးပါဝင်ပြီး ကိုဖီအာနန်အပါအဝင် နိုင်ငံခြားသား သုံးဦးပါဝင်ပါတယ်။ ကိုဖီအာနန်ဟာ မနက်ဖြန် ဒီဇင်ဘာ ၃ ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။