စာအကူသင်ကြားပေးတဲ့ ဆရာမကို ဘော်ဒါဆောင်ပိုင်ရှင်က ဓားထောက်ပြီး အဓမ္မကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်က ရွာတစ်ရွာမှာ ဘော်ဒါဆောင်ပိုင်ရှင်တစ်ဦးက ဘော်ဒါဆောင်မှာ စာအကူသင်ကြားပေးနေတဲ့ ဆရာမကို ဓားထောက်ပြီး အဓမ္မကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

rape

ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စံပြရွာသာယာကျေးရွာမှာရှိတဲ့ “အောင်ထက်သာ”ဘော်ဒါဆောင်ပိုင်ရှင်က စာအကူသင်ကြားပေးနေတဲ့ ဆယ်ကျော်သက် အမျိုးသမီးကို အဓမ္မကျင့်ခဲ့တာလို့ ယင်းမာပင်မြို့မရဲစခန်းက MCN သတင်းဌာနကို ပြောကြားခဲ့တာပါ။

ဓားထောက်ပြီးအဓမ္မကျင့်တာ ခံခဲ့ရတဲ့ မိန်းကလေးဟာ ပုလဲမြို့နယ်၊ မိုးကောင်းရွာက မစန်းသီတာဌေးလို့ အမည်ရတဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး အသက် ၅၁ နှစ်အရွယ် ဘော်ဒါဆောင်ပိုင်ရှင် ဦးသိန်းထွန်းဇော်က ထမင်းချက်ဖို့ ဖုန်းဆက်နှိုးပြီး အတူတူထမင်းချက်နေစဉ်မှာ နောက်ကနေပွေ့ဖက်ပြီး မစန်းသီတာဌေးရဲ့ လက်ထဲက ဓားကို လုယူကာ လည်ပင်းကိုဓားထောက်ရင်း အလိုမတူဘဲ နာရီဝက်ခန့် အဓမ္မကျင့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက်မှာ ဦးသိန်းထွန်းဇော်ဟာ မစန်းသီတာဌေးကို ထပ်မံပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့အတွက် မစန်းသီတာဌေးကိုယ်တိုင် ယင်းမာပင်မြို့မရဲစခန်းကို သွားရောက်ပြီး ကိုယ်တိုင်အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယင်းမာပင်မြို့မရဲစခန်းက အမှုကြီးအမှတ်စဉ်(၇/၂၀၁၆)(ပ)၂၃၃/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။