ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တရားမဝင် သွားရောက်ခဲ့တဲ့ ရေလုပ်သား ၉၁ ဦးကို ပြန်လည် လက်ခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တရားမဝင် သွားရောက်ခဲ့တဲ့ ရေလုပ်သား ၉၁ ဦးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံခဲ့ပါတယ်။

15203157_1039468229514376_6217134156389726952_n

အဲဒီရေလုပ်သားတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို တရားမဝင် သွားရောက်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခံခဲ့ကြတာပါ။ လွှဲပြောင်း
လက်ခံမှုကို နိုဝင်ဘာလ ၁ ရက်နေ့က ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲ မြို့နယ်စပ်မှာရှိတဲ့ နှစ်နိုင်ငံချစ်ကြည်ရေး တံတားအနီးမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက လွှဲပြောင်း လက်ခံခဲ့ကြတာဖြစ်ပါတယ်။

အဲဒီရေလုပ်သားတွေဟာ စစ်တွေမြို့နယ်မှ ၆၂ ဦး၊ရမ်းဗြဲမြို့ နယ်မှ ၂၁ ဦး ၊ပေါက်တောမြို့ နယ်မှ ၈ ဦးဖြစ်ပြီး သူတို့တွေကို စစ်တွေမြို့မှာ တစ်ဆင့် သက်ဆိုင်ရာဒေသတွေ ကိုပြန်လည်ပို့ဆောင်မှာဖြစ်ပါတယ်။