မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုဖြစ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ်၊ ၈၉/၂၀၁၆ နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

15235569_1154285504619184_3473737001674984800_o

အဲဒီ အဖွဲ့အစည်းကို နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ ဝင် ၁၂ ဦးနဲဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ မောင်တောမှာဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နောက်ခံသမိုင်း၊ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်း၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှုနဲ့၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်၊ နယ်မြေရှင်းလင်းစိုးမိုးရေးဆောင်ရွက်ချက်အပေါ် ပြင်ပမှစွပ်စွဲချက်တွေ မှန်ကန်မှု ရှိ/မရှိ၊ ပြည်သူတွေရဲ့လုံခြုံရေးအခွင့်အရေး အာမခံချက်ပေးနိုင်ရေး၊ ပဋိပက္ခတွေကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုအကူအညီပံ့ပိုးရေးစတဲ့ချက်တွေ ကို စုံစမ်းစစ်ဆေးပြီး နိုင်ငံတော်သမ္မထံကို ၂၀၁၇-ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အရောက်တိုက်ရိုက် အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။