ရှမ်းပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ကျဆင်း

ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

myanmar

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကုန်စည်ပို့ဆောင်ခဲ့ရာမှာ ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၁၀ ကျော် ကျဆင်းခဲ့တယ်လို့ ဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောကြားလိုက်တာပါ။ အခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း နိုဝင်ဘာ ၂၅ ရက်နေ့အထိ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၂ ဘီလျံကျော်ရှိခဲ့ပြီး အရင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာတော့ ၃.၄ ဘီလျံအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲမှာ အကြီးဆုံးဂိတ်ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုန်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား ပဋိပက္ခတွေ စဖြစ်တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကတည်းက ယာယီပိတ်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။