အရည်အချင်းပြည့်ဝတဲ့ အာဆီယံဘဏ်(QABs)တွေ တည်ထောင်ဖို့ ထိုင်းဗဟိုဘဏ်နဲ့ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအတွင်းမှာ အရည်အချင်းပြည့်ဝတဲ့ အာဆီယံဘဏ်တွေ(QABs) တည်ထောင်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ ထိုင်းနိုင်ငံဗဟိုဘဏ်တို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

bankofthailand

မြန်မာနိုင်ငံဟာ အခြားအာဆီယံနိုင်ငံတစ်ခုနဲ့ အာဆီယံဘဏ်စနစ်ပေါင်းစည်းခြင်းမူဘောင်အရ ပထမဆုံးအကြိမ် သဘောတူလက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏာ အမေရိကန်ဒေါ်လာ ၅ ဘီလျံနီးပါးအထိ ရှိခဲ့ပါတယ်။ ဒ့ါအပြင် ထိုင်းနိုင်ငံဟာ အခုနှစ် အောက်တိုဘာလအထိ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်နဲ့ တတိယအများဆုံး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံဖြစ်ပါတယ်။