မယ်စဲ့မြို့နယ် တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြေပြိုပြီး အလုပ်သမားနှစ်ဦး မြေပိ

မယ်စဲ့မြို့နယ်အတွင်းက နန့်မန်းကျေးရွာ- ရွာရှောင်လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေသားတူးဖော်စဉ် မြေပြိုကျတာကြောင့် အလုပ်သမားနှစ်ဦး မြေအောက် နစ်မြုပ်ခဲ့ပါတယ်။

15219579_208040309649227_3317983389685773922_n

နိုဝင်ဘာလ ၂၉ ရက်နေ့မှာတံတားဆောက် လုပ်ဖို့အတွက် မြေတူးရာမှာ မိုးထိ(ခ)ရန်မိုးကျော်ဦးနဲ့ တော်ရယ်တို့ နှစ်ဦး မြေပိနစ်မြုပ်ခဲ့တာဖြစ်ပြီး မိုးထိခေါ်(ခ) ရန်မိုးကျော်ဦးကို မြေသားအနည်းငယ်သာ ပိမိခဲ့တာကြောင့် ဆောက်လုပ်ရေးအလုပ်သမားတွေက ချက်ချင်းဖော်ထုတ်ကယ်တင်ခဲ့တာဖြစ်ပါတယ်။

အခြားအလုပ်သမားတစ်ဦးဖြစ်တဲ့ တော်ရယ်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်ဝန်ထမ်းတွေက အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပြီး ကယ်တင်ခဲ့တာဖြစ်ပါတယ်။ စတင်တူးဖော်ချိန်စပြီး သုံးနာရီအကြာမှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး မယ်စဲ့ပြည်သူဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူစေခဲ့တာပဲဖြစ်ပါတယ်။