ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အကြောင်း မေးခွန်းတွေကို ကိုဖီအာနန် ဖြေကြား

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဟာ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ကော်မရှင်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

15203145_561163620739106_6638424440813986529_n

ရန်ကုန်မြို့ ရွှေလီလမ်းရှိ Center for Diversity and National Harmony (CDNH)မှာ ဒီဇင်ဘာလ ၁ ရက် ဒီကနေ့မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးက လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ပြီး မေးမြန်းသမျှကို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲ ဖိတ်ကြားထားတဲ့ဧည့်သည့်တွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန် ဖောင်ဒေးရှင်း တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာ ကိုဖီအာနန်ကို ခန့်အပ်ထားတာဖြစ်ပါတယ်။