ဘင်္ဂလားဒေ့ရှ်ကို ခိုးထွက်တဲ့ ဘင်္ဂါလီ ၅၆ ဦးနဲ့အတူ စိတ်ကြွဆေးပြား တစ်သောင်းခန့် ဖမ်းမိ

တစ်ဖက်နိုင်ငံကို တရားမဝင် ခိုးထွက်သူ ၅၆ ဦးနဲ့အတူ WY စာတန်းပါဆေးပြား တစ်သောင်းခန့် ဖမ်းဆီးရမိခဲ့ပါတယ်။

15300613_1018973961562951_309386806_n

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နတ်မြစ်တစ်လျှောက် ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီခွဲမှာ မသင်္ကာဖွယ်လှေ နှစ်စီးကို တွေ့ရှိပြီးဖမ်းဆီးလိုက်တာပါ။

15327614_1018974074896273_1166698972_n

အဲဒီလှေနှစ်စီးကို မီးအချက်ပြပြီးခေါ်ခဲ့ရာမှာ ရပ်တန့်မှုမရှိတဲ့အတွက် လက်နက်ငယ်နဲ့ ၁၀ ချက် ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီလှေနှစ်စီးပေါ်မှာ တစ်ဘက်နိုင်ငံကို တရားမဝင် ခိုးထွက်သူ ၅၆ ဦးနဲ့အတူ WY စာတန်းပါ ဆေးပြား ၁၀၀၀၀ ပြားခန့်ကို ဖမ်းဆီးရမိတာဖြစ်ပါတယ်၊