ဒေါ်အောင်ဆန်းစုကြည် စင်ကာပူရောက် မြန်မာတွေနဲ့ ဒီကနေ့ တွေ့ဆုံမယ်

စင်ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညမှာ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်။

15202556_926337624167121_5504833222801177744_n

ဒေါ်အောင်ဆန်း စုကြည်နဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲအတွက် မြန်မာကလပ် (စင်ကာပူ) ကနေ တာဝန်ယူစီစဉ် ပေးနေတာဖြစ်ပြီး တွေ့ဆုံပွဲကျင်းပနိုင်ရေးအတွက် အလှူငွေလက်ခံတာမျိုး မလုပ်ခဲ့ဘဲ လက်မှတ်ရောင်းချပြီးစီစဉ်ခဲ့တာပါ။ စင်ကာပူရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ အလှူငွေကို လက်ခံပြီးကျင်းပမယ်ဆိုရင် တွေ့ဆုံပွဲစီစဉ်ရာမှာ တောင်းဆိုမှုတွေ သြဇာလွမ်းမိုးမှုတွေ ရှိလာနိုင်တာကြောင့် အခုလိုစီစဉ်လိုက်တာလို့ မြန်မာကလပ် စင်ကာပူက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီပွဲကို တက်ရောက်လိုသူတွေအတွက် E ticket လက်မှတ်တွေ ရောင်းချပေးနေပြီး ရောင်းချလို့ ရရှိလာတဲ့ အမြက်အစွန်းငွေတွေကို ပြန်လည်လှူဒါန်း သွားမှာဖြစ်ပါတယ်။