ခရီးသွားတွေ အလာများတဲ့ တောင်ဝိုင်းတောင်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ များပြားလာ

ပြည်တွင်းခရီးသွားဧည့်သည်တွေအကြား စိတ်ဝင်စားမှုမြင့်တက်လာနေတဲ့ တောင်ဝိုင်းတောင်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်လာနေပါတယ်။

15027953_1808524026062334_9099031182280698094_n

ကရင်ပြည်နယ် ဘားအံမြို့မှာရှိတဲ့ တောင်ဝိုင်းတောင်ဟာ အမြင့်ပေ ၁၅၀၀ ကျော်ရှိပြီး ပြည်တွင်း ခရီးသွား လုပ်ငန်း တစ်ခုဖြစ်တဲ့ El Dorado Travel and Tours က ၂၀၁၆ ခုနှစ် စက်တင်ဘာလစပြီး ခရီးစဉ်သစ်အဖြစ်စတင်ခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ ကုမ္ပဏီအနေနဲ့ကတော့ ခရီးသွားဧည့်သည်တွေကို သဘာဝပတ်ဝန်းကျင် အကြောင်း အသိပေးပြောကြားမှုတွေ ပြုလုပ်ပြီး တောင်ဝိုင်းတောင်မှာ စွန့်ပစ်အမှိုက်ကောက်တဲ့ ကမ်းပိန်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။

15193479_802660876538412_6029428468429678755_n

ဒီကမ်ပိန်းကို ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစားရှိလာအောင် ကမ်ပိန်းမှာပါဝင်တဲ့သူတွေ အားလုံးကိုလည်း လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်” El Dorado ရဲ့ တာဝန်ခံ မမြတ်ဘုန်းက ပြောဆိုခဲ့ပါ တယ်။အဲဒီနောက် ပြည်တွင်းခရီးသွားဧည့်သည်တွေ စိတ်ဝင်တစားရှိလာပြီး ခရီးသွားအများအပြားလာရောက် နေကြတာဖြစ်ပါတယ်။

15192705_802661076538392_4964290114983399532_n

ဒီလိုခရီးသွားများပြားလာမှုနဲ့အတူ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေရှိလာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်လာနေတာပါ။

15284180_802660899871743_5804352423692985196_n

“ဒီလိုစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်ပြီ စည်းကမ်းမဲ့အမှိုက်စွန့်ပစ် မှုတွေကို ထိန်းသိမ်းဖို့ ခရီးသွားတွေ၊ ဧည့်လမ်းညွှန်တွေနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေမှာ တာဝန်ရှိတယ်” လို့ မမြတ်ဘုန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

15181261_802660966538403_4651356673544173147_n