နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူဝန်ကြီးချုပ်နဲ့ တွေဆုံဆွေးနွေး

စင်ကာပူနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းနဲ့ တွေဆုံဆွေးခဲ့ပါတယ်။

15203132_926339654166918_7422559698427473200_n

အဲဒီတွေ့ဆုံပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံ Istana သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တာပါ၊ တွေ့ဆုံရာမှာ စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြား သက်မွေးပညာသင်ကျောင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သုံးနှစ်သက်တမ်းတိုးမြှင့်သွားရေး၊ နှစ်နိုင်ငံရင်းနှီးမှုစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အတွက် နှစ်ဖက်ညှိနှိုင်းမှုတွေ စတင်ဆောင်ရွက်ရေး စတာတွေ ကိုဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား ၁၉၉၉ ခုနှစ်လက်မှတ်ရေးထိုးခဲ့တဲ့ အခွန်နှစ်ထပ်ပေးဆောင်မှု ရှောင်ရှားရေး သဘောတူစာချုပ်ကို ပြင်ဆင်ရေးဆွဲနိုင်ရေး အတွက်ညှိနိုင်းမှုတွေ စတင်ဆောင်ရွက်နိုင်ရေးနဲ့ စင်ကာပူလေကြောင်းလိုင်းကို ပျံသန်းမှုရာသီတစ်ခုအတွက် ခြောက်လခန့်စမ်းသပ်ပြေးဆွဲရေး စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။