စည်ပင်အောက်ခြေ ဝန်ထမ်းတွေရဲ့ တာဝန်ယူမှုအားနည်းနေတာကြောင့် ပြောင်းရွှေ့ဈေးသည်တွေ အခက်အခဲတွေ့

လမ်းဘေးကျူးကျော် ဈေးသည်တွေ ပြောင်းရွှေ့နေရာချထားရေးမှာ သက်ဆိုင်ရာစည်ပင်သာရာဌာနရဲ့ သတင်းထုတ်ပြန်ချက် အားနည်းမှုတွေရှိနေ တာကြောင့် ဈေးသည်တွေအနေနဲ့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောပါတယ်။

15281090_1018127474980933_943700668_n

နိုဝင်ဘာလ ၃၀ ရက်နေ့က MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းရာမှာ အခုလိုပြော ကြားလိုက်တာပါ။ လက်ရှိမှာ ကျောက်တံတားမြို့ နယ်အတွင်း လမ်းဘေးစားသောက်ဆိုင်တွေအတွက် နေရာချထားပေးမှုမှာ အဆင်သင့်မဖြစ်သေးတဲ့ အပြင် သက်ဆိုင်ရာစည်ပင်သာယာဌာနရဲ့ အောက်ခြေ ဝန်ထမ်းတွေ အနေနဲ့ တာဝန်ခံမှု အားနည်းနေပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ ဈေးသည်တွေအတွက် နေရာချထားရေး လုပ်ငန်းစဉ်တွေကို တာဝန်ယူဖြေရှင်းပေးမှု အားနည်းနေတာကြောင့် ပြောင်းရွှေ့လာတဲ့ဈေးသည်တွေမှာ နေရာရှာဖွေရေးအတွက် အခက်အခဲတွေဖြစ်နေတာပါ။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner