ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူဝန်ကြီးချုပ် ဂုဏ်ပြုအခမ်းအနားနဲ့ ကြိုဆို

စင်ကာပူနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

myanmar-singapore

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃၀ ရက်နေ့ ဒီကနေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စင်ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်ခဲ့တာဖြစ်ပြီး စင်ကာပူစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သုံးရက်ကြာမြင့်မယ့် အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတာပါ။
မြန်မာ-စင်ကာပူ သံတမန်ဆက်ဆံရေးဟာ အခုနှစ် ၂၀၁၆ မှာ နှစ်ပေါင်း ၅၀ ပြည့်ပြီဖြစ်ပြီး နှစ်နိုင်ငံကြား ရက်ပေါင်း ၃၀ ဗီဇာမလိုဘဲ နေထိုင်နိုင်မယ့်အစီအစဉ်ကလည်း မနက်ဖြန်မှာ စတင်အသက်ဝင်ပြီ ဖြစ်ပါတယ်။