ကာလုံအစည်းဝေးခေါ်ယူဖို့ ဆိုတာ အစိုးရသာ လုပ်ရမှာဖြစ်တယ်လို့ လူ့ဘောင်သစ် ပါတီ (DPNS) ဥက္ကဋ္ဌ က ပြောကြား

တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားလက်နက်ကိုင်အရေးတွေနဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ ပိုပြီးသိရှိနေမှာဖြစ်ပြီး ကာလုံအစည်း အဝေးခေါ်ယူဖို့ဆိုတာ အစိုးရကလုပ်ရမဲ့အလုပ်ဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ကိုအောင်မိုးဇော်ကပြောကြားလိုက်ပါတယ်။

15319600_1018035234990157_1727760989_n

နိုဝင်ဘာလ ၃၀ ရက်နေ့က MCN သတင်းဌာနကသီးခြားဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပအဖွဲ့အစည်းတွေ ပါတီတွေအနေနဲ့ ခေါ်သင့်တယ်၊ မခေါ် သင့်ဘူးဆိုတာပြောဖို့ခက်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြည်တွင်း အကျပ်အတည်းတွေမြင့်တက်နေတဲ့အတွက် အစိုးရသစ်အနေနဲ့ ကာလုံအစည်းအဝေးခေါ်ယူပြီး အဲဒီအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ နိုင်ငံရေး ပါတီ ၁၃ ခုက လက်မှတ်ရေးထိုးပြီး အစိုးရဆီကိုတောင်းဆိုထားတာဖြစ်ပါတယ်။