ဒီဇင်ဘာ ၁ ရက်နေ့ကစတင်ပြီး ကားလမ်းမတွေပေါ်မှာ ၂၄ နာရီလုံး ဈေးရောင်းခွင့်မပြုတော့ပြီ

ရန်ကုန်မြို့လယ် ကားလမ်းမတွေပေါ်မှာ ဈေးရောင်းချခွင့်ကို နိုဝင်ဘာလကုန်(ဒီကနေ့)အထိသာ ခွင့်ပြုတော့ မှာဖြစ်ပါတယ်။

15310225_1017970688329945_531009753_n

ဒါ့အပြင် ဒီဇင်ဘာလ၁-ရက်နေ့က စတင်ပြီး အများပြည်သူအသုံးပြုမှုတွေများတဲ့ နေ့ပိုင်းအချိန်တွေမှာ ရန်ကုန်မြို့တွင်း ကုန်တင်ယာဉ်ကြီးတွေ၊ ကုန်သေတ္တာ တင်ယာဉ်ကြီးတွေသွား လာခွင့်မပြုတော့ဘဲ ည ၉ နာရီမှ နောက်တစ်နေ့ မနက် ၆ နာရီအတွင်းသာ ခွင့်ပြုသွားမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်ရန်ကုန်မြို့လယ် ကားလမ်းမပေါင်း ၁၁ လမ်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစတင်ပြီး ၂၄ နာရီလုံးဈေးရောင်းချခွင့်မပြုတော့ဘဲ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စောင့်ကြည့်သွားမှာပါ။