နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို ရောက်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၄၀ မိနစ်မှာ စင်ကာပူနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

singapore

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နံနက် ၈ နာရီဝန်းကျင်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာခဲ့ပြီး စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်ခဲ့တာပါ။

singapore2

ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး H.E.Mr. Vivian Balakrishnan၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E.Mr. Chua Hian Kong Robert နဲ့ မြန်မာသံရုံး/စစ်သံရုံးက မိသားစုတွေ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

singapore3

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီချစ်ကြည်ရေးခရီးစဉ်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ဖိတ်ကြားချက်အရ သွားရောက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ သုံးရက်ကြာမြင့်မှာ ဖြစ်ပါတယ်။