ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေတွေကို ကိုယ်ကျိုးအတွက် သုံးစွဲရင် ထိရောက်စွာ အရေးယူမယ်

ကျောင်းထောက်ပံ့ကြေးရန်ပုံငွေတွေကို ကိုယ်ကျိုးအတွက် သုံးစွဲရင် ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောကြားလိုက်ပါတယ်။

15319469_1017937121666635_1652308469_n

နိုဝင်ဘာ ၂၉ရက်နေ့ က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အ မှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးရဲ့ အခြေခံပညာကဏ္ဍမှာ ကျောင်းထောက်ပံ့ကြေးတွေလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိတိကျကျ လိုက်နာရေး အထူးကြပ်မတ်ပေးဖို့ အစီစဉ်ရှိ/မ ရှိမေးခွန်း အပေါ်မှာ အခုလိုဖြေကြားလိုက်တာပါ။

ကျောင်းထောက်ပံ့ကြေးတွေကို ကိုယ်ကျိုးရှာ အလွဲသုံးစားပြုသူတွေကို တိုင်ကြားမှုတွေနဲ့ မြို့နယ်အဆင့် စုံစမ်းဖော်ထုတ် သိရှိမှုတွေအရ ထိထိရောက်ရောက်အရေး ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။