နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စင်ကာပူနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး စတင် ထွက်ခွာသွားပြီဖြစ်ပါတယ်။

dassk

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နံနက် ၈ နာရီ ၁၅ မိနစ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့ အခြားတာဝန်ရှိ ပုဂ္ဂိုလ်တွေ အတူလိုက်ပါခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းဟာ ပြီးခဲ့တဲ့ ဇွန်လမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် စင်ကာပူကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာပဲ ဖြစ်ပါတယ်။