Eleven မီဒီယာမှ CEO နဲ့ အယ်ဒီတာချုပ် ကျန်းမာရေး အာမခံ ပလပ်ခံရ

Eleven မီဒီယာမှ CEO နဲ့ အယ်ဒီတာချုပ် တို့က ကျန်းမာရေးအာမခံချက် တောင်းခံမှုကို တာမွေမြို့နယ်တရားရုံးက နိုဝင်ဘာလ၃၀ရက်နေ့(ဒီကနေ့မှာ)ပလပ်ကြောင်းအမိန့်ချမှတ်လိုက်ပါတယ်။

ceo

Eleven မီဒီယာမှ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုပြုလပ်ပြီး ဆက်သွယ်ရေး ပုဒ်မ၆၆(ဃ)နဲ့ တရားဆွဲဆိုထားတာဖြစ်ပါတယ်။