ဂေဟစနစ်ပျက်စီးမှုတွေနဲ့ ရာသီဥပြောင်းလဲမှုတွေကို တုန့်ပြန်နိုင်ဖို့ အရေးကြီးကြောင်း သမ္မတပြောကြား

ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ပျက်စီးမှုတွေ၊ ရာသီဥပြောင်းလဲမှုတွေကို တုန့်ပြန်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးတယ်လို့ နိုင်ငံတော်သမ္မတဦးထင်ကျော်ကပြောကြား လိုက်ပါတယ်။

15268028_1152761988104869_7560190092901897576_n

နိုဝင်ဘာလ ၂၉ ရက်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ (MIC-II) မှာကျင်းပတဲ့ ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ဖွင့်ပွဲ အခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။

အစိမ်းရောင်ဖွံ့ဖြိုးမှုဖိုရမ်မှာ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ ဖြိုးမှုကို မြှင့်တင်နိုင်ဖို့ မူဝါဒတွေ၊ မဟာဗျူဟာတွေ၊ ဘဏ္ဍာရေးကိစ္စတွေ၊ နည်းပညာ၊ အကောင်းဆုံး စီမံခန့်ခွဲမှု၊ ပညာရေး၊ စွမ်းဆောင်ရေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။