မုံးကိုးမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံ တိုက်ပွဲရှောင်သူတွေ တရုတ်နိုင်ငံအတွင်းကို တိမ်းရှောင်ထွက်ပြေးနေကြပါတယ်။
KIA/TNLA/MNDAA လက်နက်ကိုင်တွေဟာ မုံးကိုးနယ်မြေကို တိုက်ခိုက်ကြတာကြောင့် တိုက်ပွဲရှောင် ဒေသခံ ပြည်သူ ၁၀၀၀ ကျော်ဟာ အခုလို တရုတ်နိုင်ငံ မန်စီမြို့ နယ်ထဲ ကို ထွက်ပြေးကြတာပါ။ အဲဒီဒုက္ခသည်တွေဟာ မန်ဟိုင်မြို့ အသုံးမပြုတဲ့ စာသင်ကျောင်း၊ စက်ရုံဟောင်းနဲ့ ဈေးအနီး ကွင်းပြင်တွေမှာ ယာယီတဲ (၅) လုံးနဲ့ နေထိုင်ကြတာဖြစ်ပါတယ်။
တိုက်ပွဲရှောင်သူတွေကို ကိုးကန့်ဒေသ လူမှုရေးအသင်းတစ်ခုက ရွှေလီကတစ်ဆင့် မန်ဟိုင်မြို့ကို ၀င်ရောက်ပြီး လူမှုကူညီရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။