လက်ပံတောင်းတောင် ဒေသခံဆန္ဒပြသူများနဲ့ ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း မီးလောင်းဗုံးအကြမ်းဖက်(၄)ပြည့်ခဲ့တဲ့အနေနဲ့ ဒီကနေ့ နိုဝင်ဘာ(၂၉)ရက်နေ့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။

15268055_621321991404371_267962910616353556_n

လုပ်ငန်းဖော်ဆောင်ရေးကော်မတီမရှိသည့်ကြေးနီစီမံကိန်းချက်ချင်းရပ်-အစားထိုးမြေဧက(၁၉၀၀)ဖော်ထုတ်ပေးရေ-အကြမ်းဖက်ဝါဒ ဆန့်ကျင်ကြ-လူသတ်ဝမ်ပေါင် ဒို့နိုင်ငံကထွက်သွား-လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေ-မီးလောင်ဗုံးအကြမ်းဖက်တရားခံဖော်ထုတ်ပေးရေး-မတရားအကြမ်းဖက်နှိမ်နင်းမှုကို အမြန်ဆုံးထိရောက်စွာ အရေးယူပေးရေ- လူသတ်မြေသိမ်းကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးပါစတဲ့အချက်တွေကိုလည်းတောင်းဆိုပြီး ဆန္ဒပြနေကြတာပါ။

ဆန္ဒပြသူလူအင်အား(၁၀၀)နီးပါးရှိပြီးလုံခြုံရေးချထားတဲ့ရဲမေများအပါဝင်ရဲအင်အား(၇၀)နီးပါးလည်းရှိခဲ့ကြပါတယ်။
ယခုလက်ရှိအနေနဲ့ကတော့ ခါတိုင်းလို မုံရွာနဲ့ပုသိမ်လမ်းဆုံမှာ မဟုတ်တော့ဘဲ ဝမ်ပေါင်ရုံးရှေ့က ဂိတ်အထိဆန္ဒပြသူများကချီတက်နေပြီလည်းဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဂိတ်ကို ရဲတပ်ဖွဲ့များက လုံခြုံရေးအပြည့်နဲ့ ပိတ်ဆိုထားတာကြောင့်ဆန္ဒပြသူတွေဟာဂိတ်မှာဘဲဆက်လက်ဆန္ဒပြနေတာလည်းဖြစ်ပါတယ်။