ဒေသန္တရ လက်လုပ်မိုင်း ၄ လုံးကို တပ်မတော်စစ်ကြောင်းက တွေ့ရှိ

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း ၄ လုံးကို တပ်မတော်စစ်ကြောင်းကတွေ့ရှိခဲ့ပါတယ်။

15281092_1017165088410505_352846002_n

နိုဝင်ဘာ၂၈ က်နေ့ မနက် ၁၀ နာရီ ကျော်က မိုင်တိုင်အမှတ် (၂၁၇/၇) အနီး ကတ္တရာလမ်းအောက်ရှိ ရေစီးဆင်းတဲ့ ရေပြွန်အတွင်းမှာ အခုလိုတွေရှိခဲ့
တာပါ။ အဲဒီမိုင်းတွေကိုအသေးစိတ်စစ်ဆေးခဲ့ရာမှာ အမြင့် ၆ လက်မ၊ အချင်း ၄ လက်မရှိ သံကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း ၄ လုံး၊ ၁၂ ဗို့ ဘက်ထရီ ၄ လုံးနဲ့ အနီ၊ အနက် ၀ါယာကြိုးနဲ့ ချိတ်ဆက်ထားတဲ့ ဖြူးစ် ၇ ချောင်း ကိုစစ်ဆေးတွေ့ရှိပါတယ်။

အခုအခါမှာတော့ ခရီးသွားပြည်သူများထိခိုက်ဒဏ်ရာရှိမှု မဖြစ်ပွားစေရေး တပ်မတော် စစ်ကြောင်းက စနစ်တကျ ရှင်းလင်းဆောင်ရွက်ပြီး
ဖြစ်ပါတယ်။