ပြည်တွင်းအကြပ်အတည်းတွေကို ဖြေရှင်းဖို့ တောင်းဆိုလိုက်တာဟာ စိုးရိမ်ပူပန်မှု တစ်ခုအဖြစ် နားလည်တယ်လို့ ဦးဇော်ဌေးပြော

ကာလုံအစည်းအဝေးကျင်းပပြီး ဖြစ်ပေါ်နေတဲ့ ပြည်တွင်းအကြပ်အတည်းတွေကို ဖြေရှင်းဖို့ တောင်းဆိုလိုက်တာဟာ စိုးရိမ်ပူပန်မှုတစ်ခုအဖြစ် နားလည်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

12745620_939799082783847_2696442648907912862_n

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အထွေထွေ အကြပ်အတည်းတွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စတဲ့ နိုင်ငံတော် အကြီးအကဲတွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကျင်းပပြီး ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး ပါတီ ၁၃-ပါတီက လက်မှတ်ထိုးပြီး တောင်းဆိုလိုက်ခဲ့တာပါ။

လက်ရှိပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်စတဲ့ နိုင်ငံတော် အကြီးအကဲတွေဟာ စဉ်ဆက်မပြတ်တွေ့ဆုံပြီး နီးနီးကပ်ကပ်ဆောင်ရွက်နေ တယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။

လက်မှတ်ထိုးတောင်းဆိုခဲ့တဲ့ ပါတီ ၁၃-ခုထဲမှ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြည်တွင်းမှာ ရှိတဲ့ပါတီတွေအနေနဲ့ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းအကြပ်အတည်းတွေကို စိုးရိမ်ပူပန်မိတဲ့ အတွက် အခုလို လက်မှတ်ထိုးတောင်းဆိုတာဖြစ်တယ်လို့ MCNသတင်းဌာနရဲ့ သီးခြား ဆက်သွယ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။